သန်းကြွယ်သူဌေးတို့၏ ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်
Saturday, November 26, 2011
သန်းကြွယ်သူဌေးတို့၏ ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်
သန်းကြွယ်သူဌေးဆို၍ ဘယ်လို လူစားမျိုးပါလိမ့်ဟူ၍ တအံ့တဩမတွေး ထင်လိုက်ကြပါနှင့်။ သန်းကြွယ်သူဌေးများ သည်လည်း ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သာမန်လူထဲက လူများသာဖြစ်ကြပါ၏။ သို့သော် သူတို့သည် လူတိုင်းလိုသာမန် လူစားမျိုးဖြစ်ကြပါလျှင် သူတို့တစ်တွေ ကျတော့ ဘာ့ကြောင့် သန်းကြွယ်သူဌေး ဖြစ်ကြပါသနည်း။ လူများစုကြီးကတော့ ဘာ့ကြောင့် လူလတ်တန်းစားဘဝမှ မတက်ကြ ပါသနည်းဆိုသည့် အချက်ကမူ လွန်စွာစိတ်ဝင်စားဖွယ်ရာကောင်းလှ ပါသည်။ သာမန်လူစားများ ပိုင်ဆိုင်သော အရည်အချင်းများဖြင့်ပင် သူတို့ဘယ်ပုံ ဘယ်နည်းပစ္စည်းဥစ္စာချမ်းသာကြွယ်ဝလာအောင် မည်သို့ကြိုးစားလုပ်ဆောင်ခဲ့ကြသည်ကိုလေ့လာသူနှစ်ဦးကဆန်းစစ်ရှာဖွေခဲ့ကြပါ၏။
Labels:
ဆောင်းပါး
ငံ့လင့်လျှက် ပန်းပျိုးလက်
လောကတခွင်အလှဆင်ဖို့
သင်းပျံ့ကြူမွှေးလေနုအေးနဲ့အတူ
လောကလူသားအတွက်ပေးစွမ်းနိုင်ဖို့
မေတ္တာ၊ကရုဏာ၊မုဒိတာထား
အလှပန်းလေးများရှင်သန် ဖူးပွင့်နိုင်ဖို့
ပြုစုယုယ လှသထက်လှဖို့
ပန်းပျိုးလက်များ တစ်နေ့တခြား
လိုအပ်လာပြီ . . .။
ပန်းကလေးတွေရဲ့အလှ
လောကအလယ်ဝံ့ကြွားဖွယ်အတွက်
ပန်းပျိုးမယ့်လက် ရှိပါရဲ့
ပြုစုပေးမယ့်လက် ရှိပါရဲ့
သို့သော်
ယုယမှုကင်း
မသန့်ရှင်း မကြည်လင်ပဲ
ညှီစို့စို့နဲ့။
ကိုသက်(အညာမြေ)
Labels:
ကဗျာ
ပန်းတစ်ပွင့် ခရီးလမ်း တစ်ဆင့်
“အလင်းရောင်”ဟာလူတိုင်းအတွက်မရှိမဖြစ်လိုအပ်သောအလင်းတန်းမဟုတ်ပါသကား။အရောင်အဆင်း ဖော်ပြလို့မရနိုင်တဲ့အလင်းရောင်ဟာ.. မိမိတို့ အတွက် အင်မတန်မှလိုအပ်လှပါတယ်။
အလင်းမရှိတဲ့ ဘဝဟာ မျှော်လင့်ချက် ကင်းမဲ့နေသော လူတစ်ယောက်ကဲ့သို့ အရာရာမှာလိုအပ်ချက်တွေနဲ့ ဘ၀ခရီးကို ကြမ်းတမ်းစေနိုင်ပါတယ်။
အလင်းရှိသလို အမှောင်ဟူသော ရောင်စဉ်ဟာလည်း ဒွန်တွဲလျှက် လောကကြီးကိုစိုးမိုးနေပါတယ်။ မိမိတို့ဟာ အမှောင် ဟူသောရောင်စဉ်ကို မနှစ်သက်ကြ၍ အမှောင်ရှိစဉ်အခါမှာတောင် အမှောင်ကိုအံတုလျှက် အလင်းရရှိနိုင်သော အရာများကို သုံးလျှက် အလင်းကိုရှာစေပါတယ်။
“ဖရောင်းတိုင်”လေးရဲ့အလင်းရောင်ဟာလောကကို မစိုးမိုးနိုင်ပေမဲ့ မိမိအတွက်တော့ အလင်းရောင် ပေးစွမ်း နိုင်ခဲ့ပါတယ်။
အလင်းရယ် ထိန်ထိန်ဖြာ
ပူလှသည့်မီး ၊ ထွန်းညှိလို့ အခါခါ
ဘယ်အခါ မမှိန်ရလေအောင်၊ ပူပါစေ
ပျော်ကာနေ အလင်းပေးရှာတဲ့
ဖရောင်းတိုင်လေး။
အလင်းရောင်ဆိုတာ ပူလောင်မှု လောင်ကျွမ်းမှုမှ ထွက်ပေါ် လာတတ် ကြတယ်။
မိမိဟာ အလင်းရောင်ကိုချစ်မြတ်နိုးသူဖြစ်သဖြင့် ပူလောင်မှုလောင်ကျွမ်းမှုတွေကို ခံစားရမှာမလွဲမသွေပါ။ အမှောင်လောက အလယ်မှာ သွားရန်လမ်းမရှိ အမှောင်သခင်ရဲ့ စေခိုင်းချက် အတိုင်းစေရာသွား၊ ခိုင်းရာလုပ်ဘ၀မှ သနားစရာ မိတ်သူငါတို့ကို အလင်းရောင်လမ်း ဘ၀ပန်းတိုင်ရောက်အောင်ကူညီပေးခဲ့သူများမှာ အပင်ပန်းအဆင်းရဲခံကြရစမြဲပါ။ ထို့အတွက် အလင်းရောင် ပေးစွမ်းနိုင်ခဲ့သူများမှာ ဘ၀ရဲ့အလင်း ပြတင်းပေါက်မှာ ထာဝရရပ်တည်လျှက် ကြည့်နေသည်မှာ မဟုတ်ပါလား။
ထို့ကြောင့် မိမိအလင်းရောင်ရရှိဖို့အတွက် မိမိ ကြိုးစားသကဲ့သို့ မိမိရဲ့ ပတ်ဝန်းကျင် ၊ အသိုက်အ၀န်းလေးအားလဲ အလင်းတန်းတွေရရှိအောင်မိမိတို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မျှော်လင့်ချက်ဆိုတာမိမိတို့၏ရည်မှန်းချက်ကိုအထောက်အကူဖြစ်စေတဲ့အင်အား အကြီးမားဆုံး ဆေးတစ်ခွက်ပါပဲလို့ ပြောရင်မလွဲနိုင်ပေရာ။
လူတစ်ယောက်ဟာရည်မှန်းချက်ကြီးမားလေ ထိုလူ၏တန်ဖိုးအား တိုးတက်ကြီးမားလေပါပဲ။ မိမိရဲ့တန်ဖိုး မြှင့်တင်ခြင်း အားဖြင့်လည်း မိမိနှင့် ဆက်နွယ်ပတ်သတ်နေသော သူများမှာလည်း မိမိ၏တန်ဖိုး တန်ခိုးကြောင့် သင့်တယ်လှပစေပါတယ်။ “ရည်မှန်းချက်” တစ်ခုရှိပါလျှက် ပျင်းလျှက်ရေသာခို အချောင်လိုက်နေလျှင်တော့ ရည်မှန်းထားသောပန်းတိုင်မဟုတ်ဘဲ ရယ်ချင်စရာကောင်းသော “ရယ်မှန်းချက်” ရယ်စရာ ပြဇာတ်တစ်ပုဒ်ဖြစ်နိုင်ပေသည်။ ထိုအခါ မိမိ၏တန်ဖိုးမှာ နိမ့်ကျ သွားမည်ဖြစ်ပါသည်။ ဤတွင်မည်သည့် အရာနဲ့မျှ ဆုံးဖြတ်လို့မရတဲ့ လူ၏အသက်မျှ တန်ဖိုးကြီးမားလှသည့်အချိန်တွေဟာ ကုန်ဆုံးသွားခဲ့လေပြီဖြစ်သည်။ မိမိတို့၏ ရည်မှန်းထားသောပန်းတိုင်ရောက်ဖို့အတွက် မိမိတို့ တွင်ရှိသော အင်မတန် မှကြောက်စရာကောင်းလှသည့် အန္တရာယ်ကြီးမားသော ရန်သူဖြစ်သည့်“အပျင်း”စိတ်ကို မိမိတို့အရင်တိုက်ထုတ်ဖို့ လိုအပ်ပါသည်။ ထိုအပျင်းစိတ်သည် မိမိတို့၏အောင်မြင်မှု၊ မိမိတို့ဘ၀လမ်းကြောင်း၊ မိမိတို့၏မျှော်မှန်းချက်တွေအားလုံးကို ဖျက် ဆီးနှောင့်ယှက်စေတဲ့ရန်သူဖြစ်သည်။ ထိုအပျင်းစိတ်ကိုနိုင်သောသူသည် လောကတွင်အောင်မြင်သောသူများပင် ဖြစ်ပေသည် မဟုတ်ပါလား။
မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကိုလျှောက်လှမ်းနေချိန်မှာ မိမိတို့ လျှောက်လှမ်းနေတဲ့လမ်းကလေး သာယာလှပရေးအတွက်မျှော်လင့်ချက်ပန်း အလှလေးများကိုစိုက်ကာ ခရီးဆက်နေကြရသည်။ ထိုအချိန်တွင် မိမိ၏ အောင်မြင်မှုတစ်ခုပြီးတိုင်း မိမိစိုက်ထားသောမျှော်လင့်ချက်ပန်းပင်မှ ပန်းပွင့် ကလေး တစ်ပွင့် ပွင့်နေလေသည်။ ထို့ကြောင့် မိမိ၏ လျှောက်နေသောလမ်းမှာ ပွင့်လန်းနေတဲ့ပန်းကလေးတွေကိုကြည့်ခြင်းအားဖြင့်မိမိတို့၏စိတ်ဟာ ခက်ခဲပါစေ၊ ခရောင်း လမ်း ဖြစ်ပါစေ၊ မိမိတို့ ရယ်ပြုံးစွာလျှောက်သွားနိုင်မည် မဟုတ်ပါလား။
ခရီးဆိုတာလျှောက်မှရောက်သလို ခရီးကိုသွားဖို့စိတ်ဓာတ် အင်အား တွေ လိုအပ်ပါတယ်။ မည်သည့်အရာမှလောကတွင် အဓိပ္ပါယ်မဲ့စွာရရှိနိုင်မည် မဟုတ်။ အကြောင်းတရားတစ်ခုကြောင့် တစ်ခုအကျိုးပြုကာရရှိလာခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ဟာ မိမိတို့ပြုထားသော ဆန္ဒစိတ်ကို မဖြစ် ဖြစ်အောင်ပြုလုပ်ရမှာ မိမိတို့၏ “စိတ်စွမ်းအင်” ပင်ဖြစ်သည်။ ထို “စိတ်”၏ စွမ်းအင်သည် ပညာဗဟုတုတအဖြာဖြာမှရရှိသော အင်အားများကိုစုစည်းထား ခြင်းပင်ဖြစ်ပေသည်။ မိမိတို့ဟာ မိမိတို့ဘ၀ခရီးလမ်းကိုစ၍မလျှောက်လှမ်း ခင်မှာ မိမိ၏ခရီးလမ်းအတွက် စားနိပ်ရိက္ခာဖြည့်စွတ်ပြီးပြီလားဟုမေးသင့်ပါသည်။ မိမိတို့၏မေးခွန်းအဖြေပေါ်မှာမူတည်၍ မိမိတို့၏ခရီးကိုစ၍ လျှောက်လှမ်းလျှင် မိမိ တို့မှာဆူးကိုနင်း မပေါက် ၊ မီးကိုကျော် မပူ ၊ ရေခဲပေါ်ထိုင် မချမ်းအေးသကဲ့သို့. မိမိတို့ ပျော်ရွှင်စွာ လျှောက်လှမ်း နိုင်ပါပေမည်ဖြစ်ပေသည်။
ထို့ကြောင့် မိမိတို့ဘဝခရီးရည်မှန်းချက်ပန်းတိုင်ကိုမိမိတို့ လျှောက် လှမ်းမယ်ဆိုရင် “ပညာ” ဟူသောအသိ၊ အတတ် ၊ စသည့် ပန်းကလေးများအား စိုက်ထူရင်လျှောက်လှမ်းကြပါလို့တိုက်တွန်းရင်း။ မနက်ဖြန်ဆိုတဲ့အချိန်တိုင်းမှာ သူငယ်ချင်းရဲ့လျှောက်လှမ်းသောလမ်းမှာ ပျော်ရွှင်စွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဆက်၍ ကြိုးစားပါဦး မည်။
ညရောင် (ကျောက်တန်း)
Labels:
အာဟာရ
သံသရာဂယက်
Saturday, November 5, 2011
သံသရာဂယက်
သစ္စာတရားဟာ လမ်းမှားနေသရွေ့
မေတ္တာတရားဟာ ဆန်းပြားနေသရွေ့
မမြင်နိုင်တဲ့ ခံစားချက် တို့ဟာလည်း
ရင်ခွင်ထဲကို နက်ရှိုင်းစွာ တိုးဝင်လာတဲ့
သံရည်ပူအဖျော်ယမကာ တွေလိုပါပဲ…………..
အချစ်ဆိုတဲ့ ဒဿနကိုတိုင်းတာနိုင်တဲ့
အကူကိရိယာ မရှိသေးမရွေ့
တဏှာဆိုတဲ့ ပူလောင်မှု ခံစားချက်နိယာမကို
အမြင်မှန်မရနိုင်သေးသရွေ့……
သံသရာ ဆိုတဲ့ လောကပင်လယ်ဂယက်ကို
လက်ပစ်ကူးကြရမှာ မုချဧကန်…………။
မင်းဝေ
Labels:
ကဗျာ
မြတ်စွာဘုရား ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့် ဂုဏ်တော်ပွားရကျိုး
Thursday, October 20, 2011
ဣတိပိ သောဘဂဝါ
(၁)။အရဟံ
(၂)။သမ္မာသမ္ဗုဒ္ဓေါ
(၃)။ဝိဇ္ဇာစရဏသမ္ပန္နော
(၄)။သုဂတော
(၅)။လောကဝိဒူ
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ
(၇)။သတ္ထာ ဒေဝမနုဿာနံ
(၈)။ဗုဒ္ဓေါ
(၉)။ဘဂဝါ
(၁)။အရဟံ
(၂)။သမ္မာသမ္ဗုဒ္ဓေါ
(၃)။ဝိဇ္ဇာစရဏသမ္ပန္နော
(၄)။သုဂတော
(၅)။လောကဝိဒူ
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ
(၇)။သတ္ထာ ဒေဝမနုဿာနံ
(၈)။ဗုဒ္ဓေါ
(၉)။ဘဂဝါ
Labels:
ဘာသာရေး
Wednesday, October 19, 2011
အရချောင်လို့ အချောင်ရချင်တာ
လူထုစိန်ဝင်း
“အများ မိုးခါးရေသောက်နေချိန်မှာ ကိုယ်တစ်ယောက်တည်း မသောက်ဘဲနေလို့မဖြစ်တော့ သောက်လိုက်ရတာပေါ့” ဒီစကားမျိုး မကြာမကြာ ကြားဖူးလိမ့်မယ်။ ကိုယ်လည်း တစ်ခါတစ်ရံ ပြောဖူးလိမ့်မယ်။
ရှောင်ရှားစေချင်
ဒီစကားကို လုံးဝမပြောဖြစ်အောင်သတိထား ရှောင်ရှားစေချင်တယ်။ သေသေချာချာစဉ်းစားကြည့်ရင် အဓိပ္ပါယ်က မကောင်းပါဘူး။ ကိုယ်အသုံးမကျတာကို လူသိရှင်ကြား ထုတ်ဖော်ကြေညာသလိုဖြစ်နေတယ်။ ‘အူမတောင့်မှ သီလစောင့်နိုင်တယ်’ဆိုတဲ့စကားလို ကိုယ်အကျင့်ပျက်တာကို အကာအကွယ်ယူဖို့ ဆင်ခြေတက်တဲ့ သဘောမျိုးနဲ့ ဘာမှမထူးဘူး။ အူမ,မတောင့်တိုင်း သီလချိုးဖောက်ရမယ်ဆိုရင် ဆင်းရဲသူ ဆင်းရဲသားမှန်သမျှ ဒုစရိုက်သားတွေချည်းဖြစ်ကုန်ကြမှာပေါ့။ ဆင်းရဲတာနဲ့ သီလမစောင့်တာ ဘာမှမဆိုင်ဘူး။ တခြားစီပဲ။
လက်ကြောတင်းအောင် မလုပ်ချင်လို့
သူခိုးတွေ ဓားပြတွေကို သေသေချာချာလေ့လာကြည့်ရင် ဆင်းရဲလွန်းလို့ ခိုးစား တိုက်စားတဲ့သူက အနည်းစုပဲ။ အများစုက ရပ်ထဲ ရွာထဲမှာ အသင့်အတင့်စားနိုင်သောက်နိုင်ရှိပြီး၊ အရက်ကလေးသောက်လိုက်၊ ဖဲလေးရိုက်လိုက်နဲ့ ဘာတစ်ခုမှ လက်ကြောတင်း အောင် မလုပ်ချင်သူတွေသာဖြစ်တယ်။ ဖဲရိုက်ဖို့၊ အရက်သောက်ဖို့ မရှိလို့ခိုးရာ တိုက်ရာက အရချောင်မှန်းသိပြီး ခိုးစား တိုက်စားတဲ့ဘ၀ ရောက်သွားကြတာ။ ဆင်းရဲလို့ ခိုးတာမဟုတ်ဘူး။ ဆင်းရဲသားတွေမှာ ကိုယ်ချင်းစာစိတ် ကြီးမားကြတယ်။ ကိုယ်တိုင်က ဆင်းရဲမွဲတေ လွန်းတော့ ပိုက်ဆံတန်ဖိုး ကောင်းကောင်း သိတယ်။ ရှာရတဲ့ပိုက်ဆံလေးကို မသုံးရက်၊မစွဲရက်နဲ့ သိပ်နှမြောတယ်။ သားတွေ သမီးတွေ အတွက်ကလွဲရင် ကိုယ့်ဝမ်းကိုယ်တောင် ‘မသထာ’ (မသဒ္ဓါ)လောက်အောင်ကို နှမြောတယ်။
Labels:
ဆောင်းပါး
ကာမေသုမိစ္ဆာစာရကံအကြောင်း
Monday, October 17, 2011
ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်က ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ
ဆောက်တည်နေကျဖြစ်တဲ့ ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ပါ။ ဒီသီလမှာလည်း
ရှောင်ကြဉ်လျှင် ရနိုင်မယ့်ကောင်းကျိုးတရား၊ ကျူးလွန်လျှင် ခံစားရမယ့်
ဆိုးကျိုးတရား အကောင်းနဲ့အဆိုး အဖြူနဲ့အမည်း ဒွန်တွဲနေသလို
သိက္ခာပုဒ်တစ်ခုမှာ ရှောင်ကြဉ်ခြင်း၊ ကျူးလွန်းခြင်း၊ ထိုထိုသော
အကြောင်းတရားများကြောင့် ကောင်းကျိုး ဆိုးကျိုးများရှိနေပါတယ်။
ယောက်ျားများသည် မိမိရဲ့ ဇနီးမှတစ်ပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ
ရှိသည့် မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ
ကျင့်ခြင်း (ကာမေသု မိစ္ဆာစာရ)ဖြစ်ပါတယ်။ မိန်းမများသည်လည်း မိမိ၏
ခင်ပွန်းမှ တပါး အခြားသော ယောင်္ကျားတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌
မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) ဖြစ်ပါတယ်။ ထိုကာမေသုမိစ္ဆာစာရကို လွန်ကျူးသူသည်
ဆောက်တည်နေကျဖြစ်တဲ့ ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ပါ။ ဒီသီလမှာလည်း
ရှောင်ကြဉ်လျှင် ရနိုင်မယ့်ကောင်းကျိုးတရား၊ ကျူးလွန်လျှင် ခံစားရမယ့်
ဆိုးကျိုးတရား အကောင်းနဲ့အဆိုး အဖြူနဲ့အမည်း ဒွန်တွဲနေသလို
သိက္ခာပုဒ်တစ်ခုမှာ ရှောင်ကြဉ်ခြင်း၊ ကျူးလွန်းခြင်း၊ ထိုထိုသော
အကြောင်းတရားများကြောင့် ကောင်းကျိုး ဆိုးကျိုးများရှိနေပါတယ်။
ယောက်ျားများသည် မိမိရဲ့ ဇနီးမှတစ်ပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ
ရှိသည့် မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ
ကျင့်ခြင်း (ကာမေသု မိစ္ဆာစာရ)ဖြစ်ပါတယ်။ မိန်းမများသည်လည်း မိမိ၏
ခင်ပွန်းမှ တပါး အခြားသော ယောင်္ကျားတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌
မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) ဖြစ်ပါတယ်။ ထိုကာမေသုမိစ္ဆာစာရကို လွန်ကျူးသူသည်
Labels:
သိမှတ်ဖွယ်
ကမ္မဋ္ဌာန်းရှုစရာ အသုဘ ဘယ်နှစ်မျိုးရှိသလဲ
Friday, October 7, 2011
အသက်ကုန်ဆုံးသွားခဲ့ပြီဖြစ်သော အသုဘရုပ်အလောင်းကို ၀ိပသနာတရားရှုမည်(သို့မပာုတ်) အသုဘကမ္မဋ္ဌာန်း ရှုမည်ဆိုပါက အသုဘ(၁၀) မျိုးကို ရှုရှင်းပွားများလေ့ရှိကြပါသည်။
အသုဘ(၁၀) မျိုးဆိုသည်ကား….
၁။ ဥဒ္ဒုမာတက အသုဘ
လေပြည့်နေသောအိတ်ကဲ့သို့ ဖူးဖူးရောင်နေသည့်ရုပ်အလောင်းကောင်
၂။ ၀ိနီလက အသုဘ
အသားအရေ ညိုပုပ်နေသော ရုပ်အလောင်းကောင်
၃။ ၀ိပုဗ္ဘက အသုဘ
ပြည်များယိုစီးကျနေသော စက်ဆုတ်ဖွယ်ရုပ်အလောင်းကောင်
၎ ။ ၀ိစ္ဆိဒ္ဒက အသုဘ
ထက်ပိုင်းပြတ်နေသော ရုပ်အလောင်းကောင်
၅ ။ ၀ိက္ခာယိတက အသုဘ
ခွေး ၊တောခွေးများ ကိုက်ခဲ စားသောက်ထားသော ရုပ်အလောင်းကောင်
၆ ။ ၀ိက္ခိတ္တက အသုဘ
ကိုယ်အစိတ်အပိုင်းများ အပိုင်းပိုင်း ပြတ်တောက်နေသော ရုပ်အလောင်းကောင်
၇ ။ ပာတ၀ိက္ခိတ္တက အသုဘ
ကျီးခြေသဏ္ဌာန် လက်နက်များဖြင့် ထိုးသတ်ထား သဖြင့် မရှုမလှဖြစ်နေသောရုပ်အလောင်းကောင်
၈။ လောပိာတက အသုဘ
ဒွါရပေါက်များမှ သွေးများ ယိုစီးကျနေသော ရုပ်အလောင်းကောင်
၉။ ပုဠုဝက အသုဘ
ပိုးလောက်များ တဖွားဖွားတတ်နေသော ရုပ်အလောင်းကောင်
၁၀။ အဋ္ဌိက အသုဘ
အရိုးစုသာရှိသော ရုပ်အလောင်းကောင်
စသည်တို့ဖြစ်ကြသည်။ ရှေးပဝေသဏီက ရပာန်းသံဃာများနှင့် တရားရှာမှီး ယောဂီ
သူတော်စင်ကြီးများသည် လူသေကောင်များ စွန့်ပစ်ရာ သုဿာန်သို့သွားရောက်ကာ အသုဘ
ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလေ့ရှိကြသည် ။ ထိုစဉ်က လူသေကောင်များကို ရှုမှတ်နိုင်ကြစေရန် ထိုအတိုင်းပင် စွန့်ပစ်တတ်ကြကြောင်း ကျမ်းဂန်စာပေးများ၌ ရှိခဲ့ပေသည်….။
မှတ်ချက်။ ။ http://friendsmyanmar.com/profiles/blog/show?id=4557204%3ABlogPost%3A1121613&xgs=1&xg_source=msg_share_post မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
အသုဘ(၁၀) မျိုးဆိုသည်ကား….
၁။ ဥဒ္ဒုမာတက အသုဘ
လေပြည့်နေသောအိတ်ကဲ့သို့ ဖူးဖူးရောင်နေသည့်ရုပ်အလောင်းကောင်
၂။ ၀ိနီလက အသုဘ
အသားအရေ ညိုပုပ်နေသော ရုပ်အလောင်းကောင်
၃။ ၀ိပုဗ္ဘက အသုဘ
ပြည်များယိုစီးကျနေသော စက်ဆုတ်ဖွယ်ရုပ်အလောင်းကောင်
၎ ။ ၀ိစ္ဆိဒ္ဒက အသုဘ
ထက်ပိုင်းပြတ်နေသော ရုပ်အလောင်းကောင်
၅ ။ ၀ိက္ခာယိတက အသုဘ
ခွေး ၊တောခွေးများ ကိုက်ခဲ စားသောက်ထားသော ရုပ်အလောင်းကောင်
၆ ။ ၀ိက္ခိတ္တက အသုဘ
ကိုယ်အစိတ်အပိုင်းများ အပိုင်းပိုင်း ပြတ်တောက်နေသော ရုပ်အလောင်းကောင်
၇ ။ ပာတ၀ိက္ခိတ္တက အသုဘ
ကျီးခြေသဏ္ဌာန် လက်နက်များဖြင့် ထိုးသတ်ထား သဖြင့် မရှုမလှဖြစ်နေသောရုပ်အလောင်းကောင်
၈။ လောပိာတက အသုဘ
ဒွါရပေါက်များမှ သွေးများ ယိုစီးကျနေသော ရုပ်အလောင်းကောင်
၉။ ပုဠုဝက အသုဘ
ပိုးလောက်များ တဖွားဖွားတတ်နေသော ရုပ်အလောင်းကောင်
၁၀။ အဋ္ဌိက အသုဘ
အရိုးစုသာရှိသော ရုပ်အလောင်းကောင်
စသည်တို့ဖြစ်ကြသည်။ ရှေးပဝေသဏီက ရပာန်းသံဃာများနှင့် တရားရှာမှီး ယောဂီ
သူတော်စင်ကြီးများသည် လူသေကောင်များ စွန့်ပစ်ရာ သုဿာန်သို့သွားရောက်ကာ အသုဘ
ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလေ့ရှိကြသည် ။ ထိုစဉ်က လူသေကောင်များကို ရှုမှတ်နိုင်ကြစေရန် ထိုအတိုင်းပင် စွန့်ပစ်တတ်ကြကြောင်း ကျမ်းဂန်စာပေးများ၌ ရှိခဲ့ပေသည်….။
မှတ်ချက်။ ။ http://friendsmyanmar.com/profiles/blog/show?id=4557204%3ABlogPost%3A1121613&xgs=1&xg_source=msg_share_post မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Labels:
သိမှတ်ဖွယ်
ရင်ဖွင့် စကားသံကို နားထောင်ပေးခြင်း
Wednesday, October 5, 2011
လူစည်ကားရာလမ်းဆုံရှိ လက်ဖက်ရည်ဆိုင်တွင် ချိန်းထား သော လူငယ် တစ်ဦးကို တွေ့ရန် ဦးခင် (အမည်လွှဲ ပြောင်း ထား) တစ်ယောက် ညနေ ငါးနာရီတွင် အလုပ် ကို လက်စသတ်ကာ အမြန်လာ ခဲ့သည်။
ထိုလူငယ်လေးသည်အပြင် တွင် မတွေ့ဖူးသော်လည်း ဖုန်းထဲ တွင် အတော်ရင်းနှီးနေပြီဖြစ်သည်။ သို့အတွက်
ထိုလူငယ်လေးက စတင်ချိန်းဆိုလာသော်ကြောင့် အပြင်တွင်တွေ့နိုင်ရန် စီစဉ်လိုက် ခြင်းဖြစ်သည်။ လက်ဖက်ရည်ဆိုင်ရဲ့ ထောင့်စားပွဲဝိုင်းတစ်ခုတွင် လူငယ်တစ်ဦးထိုင်နေသည်။ သူ့နှင့်ချိန်း ထားသော လူငယ်လားဟုအမည်
ခေါ်လိုက်ရာ ထိုလူငယ်က အသာခါင်းငြိမ့်ပြသည်။ “သား ဒီကိုလာတာအေးဆေး ပဲမလား” ဟု စကားသံဖြင့် စားပွဲဝိုင်း လေးကို ဦးခင်က စတင်ကာ အသက် သွင်းလိုက်သည်။
ထို့နောက် သူတို့၏ တစ်ဦးနှင့် တစ်ဦး ရင်းနှီး ခင်မင်စွာ စကားသံများ အဆက် မပြတ် ပြောဆိုဆွေးနွေးကြသည်။ နောက်ဆုံး တွင် နောက်တစ်ပတ် တွင် ဦးခင်တို့၏ အဖွဲ့အစည်းကို လာရောက်မည်ဖြစ်ကြောင်း ထို လူငယ်လေးက ကတိပေးသံဖြင့် စကားဝိုင်းလေးကို အဆုံးသတ်လိုက် နိုင်ကြောင်း ဦးခင်က နောက်ကြောင်း ပြန်လည်ပြောပြနေ သည်။ အသက်ငါးဆယ်ကျော်အရွယ်ရှိ ဦးခင်သည် HIV / AIDS ဆိုင်ရာ များတွင် ဦးဆောင်ပါဝင်လုပ် ကိုင်ပေးနေ သူတစ်ဦးဖြစ်ပြီး ရုံးပြင်ပချိန်များတွင်လည်း HIV / AIDS ကူးစက်ခံသူများကို နှစ်သိမ့်ဆွေး နွေးခြင်းကို တယ်လီ ဖုန်းဖြင့် အခမဲ့ ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ် သည်။ တယ်လီဖုန်းဖြင့်သာမက အပြင်တွင်ပင် ဆွေးနွေးတွေ့ဆုံပေး စေလိုပါက လိုက်လံတွေ့ဆုံဆွေးနွေး ပေးသည်။ သို့နှင့်သူတို့၏ ခံစားချက် များကို ရင်ဖွင့်ပြောပြလာသည်အထိ သူတို့ ပြောပြလိုသည်များကို ဂရုတစိုက် နားထောင်ပေးပြီး လိုအပ် သည့်အကြံဥာဏ်များ ပေးအပ်ရ ကြောင်း ဦးခင်က ပြောကြားသည်။
စိတ်ပျက်အားငယ်နေသော မောင် လူလေး ( နာမည် လွှဲပြောင်းထား ) က ယင်းကဲ့သို့ တယ်လီဖုန်းမှ တစ်ဆင့် ဦးခင်ထံ ဆက်သွယ်လာ ရင်း လအတန်ကြာ ပြောဆိုဆွေး နွေးမှုများ ပြုလုပ်ပြီးမှသာ ယင်းကဲ့ သို့ ဆေးကုသရန် လက်ခံရလာခြင်း ဖြစ်ကြောင်း ဦးခင်က ပြောကြား သည်။ သို့နှင့် ဦးခင်သည် နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းတွင် ပါဝင် လှုပ်ရှားနေရင်း နှစ်သိမ့်ဆွေးနွေး ပေးခြင်းသည် သူ၏ အဓိက အလုပ် တစ်ခုဖြစ်လာနေသည်ဟု ပြောပြ နေသည်။ မြန်မာနိုင်ငံတွင် HIV ကူးစက် ခံလူနာများအတွက် အဓိက အရေး ပါသည့် စိတ်ပိုင်းဆိုင်ရာကုထုံးဖြစ် သည့် နှစ်သိမ့်ဆွေးနွေးပညာပေး ခြင်းကို ဆောင်ရွက်ပေးနေကြ သည်။ HIV ပိုးကူးစက်ခံရသည်ဟု သိလိုက်ရသည်နှင့် စိတ်ဓာတ် အခြေအနေအများ ယိမ်းယိုင်သွား ပြီး အချို့မှာ မယုံကြည်မှုများဖြင့် စိတ်ဆိုး ဒေါသထွက်ကာ ထိခိုက် ဒဏ်ရာရအောင် လုပ်သူများ ရှိကြောင်း။ အချို့မှာ ကူးစက်ခံနေရ သည်ဟု သိသည်နှင့် စိတ်ဓာတ်ကျ ဆင်းကာ အားလုံးနှင့် အဆက်အ သွယ်ပြတ်သည် အထိနေ ကာ တစ်ဦး ထဲ ခွဲထွက်နေသည်ဟု ဖြစ်ပျက် တတ်သည့် သဘောတရားများကို HIV ရောဂါဆိုင်ရာများကို ကုသပေးနေသည့် ဆရာဝန်တစ်ဦး က ပြောပြနေသည်။
သို့နှင့်သူတို့၏ စိတ်ဓာတ် အခြေအနေများကို ပြန်လည် ကောင်းမွန် လာစေရန်အတွက် နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်းကို စနစ်တကျ လုပ်ဆောင်လာကြောင်း သိရသည်။ ဆေးဝါးကုသရေး ကုထုံးလမ်းကြောင်း ပေါ်သို့ရောက် လာစေရန်အတွက် သူတို့ကို စိတ်ဓာတ်အင်အား အားပေးမှုကိုအဓိကထား ပြုလုပ်ပေးနေ သည်ဟု social support ပိုင်းဆိုင်ရာ လုပ်နေသည့် လူငယ်တစ်ဦးက ပြောကြားသည်။ လုပ်အားများ အသုံးပြုနေသည့် လူငယ်တစ်ဦး အနေဖြင့် HIV ပိုးကူးစက်ခံရ သည်ဟု သိလိုက်သည်နှင့် သူ၏ လုပ်ငန်းများတွင် အသုံးမပြုနိုင် တော့သည်ဟု ထင်မြင်ပြီး လုပ်ငန်း ခွင်မှ ရပ်နားခြင်းနှင့် ကျောင်းတက် ရောက်နေ သည့် လူငယ်တစ်ဦးကို ပညာဆက်လက်သင်ကြားနိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေး သကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဖြည့်ဆည်းပေးရန်လည်း လိုအပ် ကြောင်း ၊ ထို့ကြောင့် စိတ်ဓာတ် ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးခြင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း HIV ပိုးကူးစက်ခံလူနာများကို ကိုယ်တိုင် နှစ်သိမ့်ဆွေးနွေးပေးနေ သူတစ်ဦးက ပြောကြားသည်။ နှစ်သိမ့်ဆွေးနွေးပေးခြင်းကို ပြုလုပ်ရာတွင် လူနာ၏ယုံကြည်မှုကို တည်ဆောက်ရယူမှုသည် အဓိက အချက်ပင်ဖြစ်ကြောင်း ပြောပြနေ သည်။
အဆိုပါလူနာက တိုက်ရိုက် ဆက်သွယ်လာသည်ဖြစ်စေ သို့ မဟုတ် မိသားစုက တစ်ဆင့် ဆက် သွယ်ပြီးမိသားစုကို ရှင်းပြပြောဆိုပြီး မှသာလူနာနှင့် တွေ့ဆုံဆွေးနွေးရ သည်လည်းရှိကြောင်း ဦးခင်က ပြောပြနေသည်။ “တချို့က မိဘကို ပြောပြ တယ်။ ကျန်တဲ့သူဘယ်သူ့ကိုမှ မပြောစေချင်ဘူးပေါ့။ ဘယ်သူမှ လည်း အတွေ့မခံတော့ဘူး။ အဲဒီမှာ မိဘက ဆက်သွယ်လာပြီး ဘယ်လို လုပ်သင့်တယ်ဆိုတာ အကြံÓဏ် တောင်းတယ်။ ပြီးမှ လူနာနဲ့တွေ့ ဆုံတယ်။ လူနာကတော့ ငြင်းတာ ပေါ့ ။ ဘယ်လိုမှ အတွေ့မခံဘူး။ ဒီလူက သူ့အကျိုးမရှိဘဲ ဘာမှလုပ် မှာ မဟုတ်ဘူးဆိုပြီး ပြောတာပေါ့။ ဒါပေမဲ့ နောက်ဆုံး အဆင်ပြေ သွားတာပါပဲ။ ကိုယ်က သူ့ကို တကယ်မိသားစုဝင်လို ဆက်ဆံပြောဆိုပေးမှုတွေကို ယုံကြည် လက်ခံလာတယ်”ဟု ဦးခင်က နှစ် သိမ့်ဆွေးနွေး ပညာပေးမှုအနေ အထားကို ရှင်းပြနေသည်။ Counselling ပြုလုပ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ၊ လူမှုရေးဆိုင်ရာ ပြသနာများလျော့နည်းသွားစေခြင်း၊ HIV ကူးစက်နှုန်း ကျဆင်းစေခြင်း နှင့် ဆေးကုသမှု ခံယူရာတွင် အဆင် ပြေ စေနိုင်ကြောင်း သိရသည်။ နှစ်သိမ့် ဆွေးနွေးမှုပြုလုပ်ခြင်းဖြင့် လူနာ၏ စိတ်ခံစားမှုပုံစံကို ပျောက် ကွယ် စေနိုင်မည်ဖြစ်ပါ သည်။ သို့ အတွက်ကြောင့် Counseller တစ်ဦး အနေဖြင့် အတတ်နိုင်ဆုံး နည်း လမ်းများဖြင့် ဂရုတစိုက်နားထောင် ပေးခြင်းသည် အဓိကဖြစ်သည်ဟု စိတ်ပညာဆိုင်ရာ Counselling သင်တန်းတက်ထားသူ မခင်မြတ်က ပြောပြသည်။ Counsellerတစ်ဦး အနေဖြင့် အချက်အလက်များကို လျှို့ဝှက်ထားရှိမှုသည် အဓိက အရေးကြီးဆုံးလည်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြား သည်။ သို့အတွက်ကြောင့် စိတ် ဓာတ်အားပိုင်းဆိုင်ရာအတွက် ဆေး ကုသရေးပိုင်းတွင် အများကြီးအ ထောက်အကူဖြစ်စေကြောင်းကို နှစ်သိမ့်ဆွေးနွေးပညာပေး လုပ် ကိုင်နေသူ တစ်ဦးက ပြောကြား သည်။ သို့နှင့် နှစ်သိမ့်ဆွေးနွေးခြင်း ဆိုင်ရာအတွက် ၁၉၉၂ ခုနှစ်မှ စတင်ကာ ကျန်းမာရေးဝန်ကြီး ဌာနမှ ခုခံအားကျဆင်းရောဂါနှင့် အတူ ကာလသားရောဂါတိုက် ဖျက်ရေး စီမံချက်အတွက် အေအိုင် ဒီအက်စ်ရောဂါ နှစ်သိမ့်ဆွေးနွေး ပညာပေးရေးအဖွဲ့ (ဗဟို ) (AIDS Counseling Team ) ကိုစတင်ဖွဲ့ စည်းလုပ်ဆောင်ခဲ့သည်။ အဆိုပါ အဖွဲ့မှ ဆရာဝန်များ ၊ သူနာပြု ဆရာမများ ၊ ကျန်းမာရေးဝန် ထမ်းများအပါအဝင် လူမှုရေးအဖွဲ့ အစည်းများမှ ဝန်ထမ်းများ ၊ နှစ်သိမ့်ဆွေးနွေးခြင်း ဘာသာရပ်ကို စိတ်ပါဝင်စားသူများကို သင်တန်း များပို့ချပေးလျက် ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်စေခြင်းဖြင့် စိတ်ဓာတ် ပိုင်းဆိုင်ရာအတွက် ကုထုံးတစ်ခု သဖွယ်စနစ်တကျ ကုသပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါသင်တန်းမှ သိရသည်။ သို့အတွက်ကြောင့် ယင်းသင်တန်းဆင်းသူများအနေဖြင့် ဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သုံးသပ်ကြ သည်။ ကူးစက်ခံရသည့်ဇာတ်ကြောင်း ကို သိရန်ထက် စိတ်ဓာတ်ပိုင်းဆိုင် ရာများကို အားပေးပြီး ဆေးကုသ ရေး လမ်းကြောင်းပေါ်သို့ ရောက် ရှိနိုင်ရန် ကြိုးပမ်းရကြောင်း၊ မည် သည့်နည်းဖြင့် ကူးစက် ခံရသည် ဖြစ်စေ အဓိကမှာ ကူးစက် ခံထား ရသူကို စနစ်တကျ ဆေးကုသမှု ပေးနိုင်ရေးသာ ဖြစ်ကြောင်း၊ မြန်မာ့ ယဉ်ကျေးမှုအရ HIV ကူးစက်ခံ ထားရသည်ဆိုလျှင် လိင်ပိုင်း ဆိုင် ရာမှ တစ်ဆင့်ကူး စက်ခံရခြင်းဟု ထင်မြင်ချက်များကိုလည်း ဖျောက် ဖျက်ရန်လိုအပ်ကြောင်း၊ မိသားစု များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အား ပေးမှုသည်လည်း လိုအပ် နေသေး ကြောင်း ကျန်းမာရေးပညာရှင်များ က ပြောကြားသည်။
“မိသားစုက ကူးစက်ခံထားရ တာကိုသိပြီဆိုတာနဲ့ ပြစ်ပယ်ထားတာရှိတယ်။ အဲဒီအခါမှာ လူနာမှ သူ့စိတ်ကရောဂါကူး စက်တာကြောင့် စိတ်ထိခိုက်တာ ထက် မိသားစုက ဝိုင်းပယ်တာကိုခံရတာကို စိတ်ခံစားရတယ်။ အဲဒီမှာ ချက်ချင်းကိုစိတ်ဓာတ် ကျသွားပြီ နာလန်မထူနိုင်ဘူး ဖြစ်သွားတာလည်းရှိတယ်။ မိသားစုလူမှုအသိုင်း အဝိုင်းက HIV ဆိုင်ရာတွေမှာ သိထားသင့်တာတွေကို ပညာပေးသင့်တယ်” ဟု ကျန်းမာရေးပညာ ရှင်တစ်ဦးက သုံးသပ်ပြောကြားထားသည်။ ယင်းသို့ဆွေးနွေးမှုများတွင် ဆေးရုံ ၊ ဆေးပေးခန်းများတွင်ဆရာ ဝန်က ဆွေးနွေးပြောဆိုပေးမှုများ ၊ လူမှုရေးလုပ်ငန်းကို စိတ်ဝင်စား သူများအနေဖြင့်လည်း ဆောင်ရွက်ကြသကဲ့သို့ HIV ပိုးကူးစက်ခံ ထားရသူများ ကိုပါ နှစ်သိမ့်ဆွေးနွေးပညာ
ပေးခြင်းကိုပါ ဆောင်ရွက်စေကြောင်း ၊ Peer Education ဖြစ်သည့် ကူးစက်ခံထားရသူ အချင်းချင်းနှစ်သိမ့်ဆွေးနွေး မှုများသည် ပိုမိုထိရောက်စေနိုင်ကြောင်းလည်း HIV ပိုးကူးစက် ခံထားရသော်လည်း လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင် လှုပ်ရှားနေသူ တစ်ဦးက ပြောကြားသည်။
လူနာကို ရင်းနှီးစွာအားပေးရာတွင် Counseller ကိုယ်တိုင်ကပင်ကူးစက်ခံလူနာဟုဟုဖွင့်ဟ ပြောဆိုပြီး ဆွေးနွေးတိုင်ပင်ခြင်း သည် စိတ်ကုထုံးတစ်ခုကို အောင်မြင်စွာ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သို့အတွက်ကြောင့် peer Counselling စနစ်ကို ဆောင်ရွက် နေကြောင်း ၊ စိတ်ပိုင်းဆိုင်ရာ အ ထောက်အကူဖြစ်စေမည့် ရောဂါ ရှင်များအား စုဝေးကာ ပျော်ပွဲရွှင် ပွဲများ ဆောင်ရွက်ပေးခြင်းကို ဦးဆောင်ဆောင်ရွက်ပေးပြီး ဆေးကူညီမှုကို ဒုတိယနည်းလမ်းစဉ်ဖြင့် ဆောင်ရွက်ပေးကြောင်း အစိုး ရမဟုတ်သော နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းတစ်ခုတွင်သင်တန်းနည်းပြတစ်ဦးက လုပ်ငန်းအခြေနှင့် နှိုင်းယှဉ်ကာ ရှင်းပြသည်။
အဖွဲ့အစည်း အတော်များများသည် ဆေးရရှိရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုကို ဆောင်ရွက်ပေးသော်လည်း ယနေ့ထိတိုင် နှစ်သိမ့် ဆွေး နွေးရေးအပိုင်းကိုလည်း အရှိန်မြင့် လုပ်ကိုင်ရန်လည်း လိုအပ်ကြောင်း စိတ်ပညာလေ့လာထားသူ တစ်ဦး က သုံးသပ် ပြောကြားသည်။ လူနာ၏ စိတ်ထဲတွင် ခံစား နေရသော စိတ်မကျေနပ်ချက်များ ကိုတလွဲ အသုံးပြုကာ ကူးစက်ခံရ စေရန်ဆောင်ရွက်ခြင်းမှ တားမြစ် ရန်လည်း လိုအပ်ကြောင်းစိတ်ပညာ ရှင်တစ်ဦးကပြောကြားသည်။ HIV ကူးစက်ခံအမျိုးသမီး တစ်ဦးသည် HIV ပိုးရှိလျက်နှင့်ပင် အကာအကွယ်ဖြစ်စေမည့် နည်း များကိုအသုံးမပြုဘဲ မိမိကူးစက် ခံရသကဲ့သို့ အခြားသူများလည်း ကူးစက်ခံရစေချင်သည့် စိတ်များ ဖြစ်ပေါ်ခဲ့ကြောင်း ၊ သို့အတွက် ကြောင့် စိတ်ကုပညာရှင်များဖြင့် အဆိုပါအမျိုးသမီးငယ်ကို နှစ်သိမ့် ဆွေးနွေးပညာပေးခြင်း ပြုလုပ် ပေးပြီးမှသာ ၄င်း၏ လွဲမှားနေသော ခံယူချက်များကို ပြုပြင်လိုက်နိုင် ကြောင်း စိတ်ပညာရှင်တစ်ဦးက ဖြစ်ရပ်မှန်တစ်ခုကို အခြေတည်ကာ ရှင်းပြသည်။ ရောဂါကုထုံးအဖြစ် ဆေးရရှိ ရန် လမ်းကြောင်းများ ၊ နေထိုင်မှုပုံစံ၊ လူမှုရေးလုပ်ငန်းများတွင်ပါဝင် လာနိုင်မှုများအပါအဝင် မိသားစု များအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေ သည်ဆိုသည့် အမြင်များကို ပယ် ဖျောက်နိုင်ပြီး ကျန်းမာရေးအရ ဆေးကုသမှုနှင့် စနစ်တကျနေထိုင် မှုပုံစံများဖြင့် ကျန်ရှိနေသေးသည့် ဘဝသက်တမ်းကို ဖြတ်သန်းနိုင် မည်သာဖြစ်ကြောငှ်းုံဠ ကူးစက်ခံ ထားရသူတစ်ဦးက သုံးသပ်ပြော ကြားသည်။ သို့အတွက်ကြောင့် HIV/ AIDS ဆိုင်ရာအတွက် မရှိမဖြစ် အရေးပါသော နှစ်သိမ့်ဆွေးနွေး ခြင်းကိုသိရှိလာစေရန်ပိုမိုတိုးမြှင့် အ ရှိန်ယူကာ သင်တန်းများပို့ ချခြင်းနှင့် လူထုထဲတွင် ပိုမိုသိရှိလာအောင် ဆောင်ရွက်သင့်ကြောင်းနှင့် လူနာ များမှာကျန်ရှိနေသေးသောလူ့သက် တမ်းတွင် ပျော်ရွှင်စွာဖြတ်သန်းနိုင် ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း ဦးခင်အပါအဝင် HIV/ AIDS ဆိုင်ရာများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများက သုံးသပ်ပြောကြားသည်။
စန်းမော်အောင်
မှတ်ချက် ။ ။http://www.yoyarlay.com/opinions/ts-news/articles/14411-2011-10-05-07-34-31
မင်းကျင့်တရား ၁၀ ပါး
Monday, October 3, 2011
မင်းကျင့်တရားဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် အဓွန့်ရှည်အောင် စိုးအုပ်ခွင့်ရရန် ပေးတဲ့အကြံဉာဏ်ကိုခေါ်ပါသည်။ မြန်မာမင်းတို့သည် သားစဉ်မြေးဆက် မင်းကျင့်တရားများ ကျင့်နိုင်ရန် မင်းကျင့်တရား (၁၀)ပါးကို မှတ်တမ်းတင်ခဲ့ကြသည်။
မင်းကျင့်တရား ၁၀ ပါးမှာ -
၁။ အလှူပေးခြင်း၊ (ဒါန)
၂။ ငါးပါးသီလ ဆောက်တည်ခြင်း၊ (သီလ)
၃။ ပေးကမ်း စွန့်ကြဲခြင်း၊ (ပရိစာဂ)
၎။ ဖြောင့်မတ်မှန်စွာကျင့်ခြင်း၊ (သမ္မာပဋိပန္န)
၅။ ကိုယ်နှုတ် နူးညံ သိမ်မွေ့ခြင်း၊ (မုဒုက)
၆။ အခါအားလျှော်စွာ ရှစ်ပါးသီလစောင့်ခြင်း၊ (ဥပေါသထ)
၇။ မျက်မထွက်ခြင်း၊(အက္ကောဓ) ၈။ ရဟန်းရှင်လူပြည်သူတို့ကို မညှင်းဆဲခြင်း၊ (အ၀ိဟိံသန)
၉။ သည်းခံခြင်း၊ (ခန္တီ) ၁၀။ ရဟန်းရှင်လူ ပြည်သူတို့နှင့် မဆန့် ကျင်ခြင်း၊(၀ိရောဓ)တို့ဖြစ်သည်။
ထို့အပြင် မြန်မာမင်းတို့သည် ထွက်ပြီးသာဆင်စွယ် ပြန်ဝင်ရိုးမရှိသလို ပြောပြီးသားစကားကို တည်အောင် ကတိတည် ခဲ့ကြသည်။ ထို့အတွက်ကြောင့် မြန်မာစကားပုံတွင် "မင်းမှာကတိ လူမှာ သစ္စာ" ဟု ဆိုရိုးစကား ရှိခဲ့သည်။
မှတ်ချက်။ ။ ဤနေရာမှ ကူးယူဖော်ပြပါသည်။ http://mrkingzero.blogspot.com/2011/10/blog-post_1525.html
မင်းကျင့်တရား ၁၀ ပါးမှာ -
၁။ အလှူပေးခြင်း၊ (ဒါန)
၂။ ငါးပါးသီလ ဆောက်တည်ခြင်း၊ (သီလ)
၃။ ပေးကမ်း စွန့်ကြဲခြင်း၊ (ပရိစာဂ)
၎။ ဖြောင့်မတ်မှန်စွာကျင့်ခြင်း၊ (သမ္မာပဋိပန္န)
၅။ ကိုယ်နှုတ် နူးညံ သိမ်မွေ့ခြင်း၊ (မုဒုက)
၆။ အခါအားလျှော်စွာ ရှစ်ပါးသီလစောင့်ခြင်း၊ (ဥပေါသထ)
၇။ မျက်မထွက်ခြင်း၊(အက္ကောဓ) ၈။ ရဟန်းရှင်လူပြည်သူတို့ကို မညှင်းဆဲခြင်း၊ (အ၀ိဟိံသန)
၉။ သည်းခံခြင်း၊ (ခန္တီ) ၁၀။ ရဟန်းရှင်လူ ပြည်သူတို့နှင့် မဆန့် ကျင်ခြင်း၊(၀ိရောဓ)တို့ဖြစ်သည်။
ထို့အပြင် မြန်မာမင်းတို့သည် ထွက်ပြီးသာဆင်စွယ် ပြန်ဝင်ရိုးမရှိသလို ပြောပြီးသားစကားကို တည်အောင် ကတိတည် ခဲ့ကြသည်။ ထို့အတွက်ကြောင့် မြန်မာစကားပုံတွင် "မင်းမှာကတိ လူမှာ သစ္စာ" ဟု ဆိုရိုးစကား ရှိခဲ့သည်။
မှတ်ချက်။ ။ ဤနေရာမှ ကူးယူဖော်ပြပါသည်။ http://mrkingzero.blogspot.com/2011/10/blog-post_1525.html
Labels:
သိမှတ်ဖွယ်
အမနုဿဘေး
Sunday, September 25, 2011
ရွှေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့် ဂုဏ်ပြုကဗျာ
အမနုဿဘေး
အို သူတော်စင်
အရှင်သူမြတ်အပေါင်းတို့၏ မေတ္တာရေစဉ်သည်
အရှင်တို့၏ ဦးခေါင်းတော်မှသွေးတို့ဖြင့် နီစွေးစေခဲ့ပါပြီ။
အို သူတော်စင်
မြတ်သခင်ဗုဒ္ဓ၏နှလုံးသားတို့ သည်
ကြိုးနဲ့တုပ် ဒုတ်နဲ့ရိုက် ထောင်ထဲသွင်း ညှင်းဆဲ သတ်ဖြတ်
အလောင်းတွေကိုချောင်းထဲမျှော
ကျောင်းတွေပေါ်တက် လုယက်ဖျက်ဆီး
အမနုဿတို့၏လောင်မီးတိုက်မှာ
အစုလိုက်အပြုံလိုက် လောင်မြိုက်နေကြရပါပြီ။
အို သူတော်စင်အပေါင်းတို့
အနှိုင်းမဲ့ကျေးဇူးရှင်၏ စကား ဖယ်ရှားဝံ့သူ
သံဃာ့အကျိုးစီးပွါး ဖျက်ဆီးထားသူ
သံဃာအချင်းချင်းကြား သွေးခွဲထားသူ
သံဃာ့အကျိုးမဲ့စကား စွပ်စွဲထားသူ
သံဃာတို့အားရန်ငြိုးပွါးသူ
ကမ္ဘာတလွှား နာမည်ဆိုးများဖြင့်ကျော်ကြားနေသူ
မိစ ၦာဘီလူး အာဏာရူးသူ
မှူးကြီးဗာလ နအဖနဲ့
မိစ္ဆာလူမိုက် ဒိဋ္ဌိတသိုက်ကို
သာသနာတွင်းမှ ကြဉ်ပလိုက်ကြောင်း
ဗုဒ္ဓအနွယ်မှ ထုတ်ပယ်ပြီးကြောင်း
ဒါယကာ ဒါယိကာမအဖြစ်မှ စွန့်ပစ်လိုက်ကြောင်း
မြတ်သံဃာအပေါင်းတို့၏
ထပ်လောင်းသစ္စာ အခိုင်အမာပြု သည်
ပံသုဤုကမ္ဘာ သက်သေအရာ၌ တည်စေသောဝ်။
ပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင် အောင်စေသောဝ်။
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်ယံသို့ လျှံစေသောဝ်
ဦးလင်း(ကပ္ပိယကြီး)
26.9.2011
အမနုဿဘေး
အို သူတော်စင်
အရှင်သူမြတ်အပေါင်းတို့၏ မေတ္တာရေစဉ်သည်
အရှင်တို့၏ ဦးခေါင်းတော်မှသွေးတို့ဖြင့် နီစွေးစေခဲ့ပါပြီ။
အို သူတော်စင်
မြတ်သခင်ဗုဒ္ဓ၏နှလုံးသားတို့ သည်
ကြိုးနဲ့တုပ် ဒုတ်နဲ့ရိုက် ထောင်ထဲသွင်း ညှင်းဆဲ သတ်ဖြတ်
အလောင်းတွေကိုချောင်းထဲမျှော
ကျောင်းတွေပေါ်တက် လုယက်ဖျက်ဆီး
အမနုဿတို့၏လောင်မီးတိုက်မှာ
အစုလိုက်အပြုံလိုက် လောင်မြိုက်နေကြရပါပြီ။
အို သူတော်စင်အပေါင်းတို့
အနှိုင်းမဲ့ကျေးဇူးရှင်၏ စကား ဖယ်ရှားဝံ့သူ
သံဃာ့အကျိုးစီးပွါး ဖျက်ဆီးထားသူ
သံဃာအချင်းချင်းကြား သွေးခွဲထားသူ
သံဃာ့အကျိုးမဲ့စကား စွပ်စွဲထားသူ
သံဃာတို့အားရန်ငြိုးပွါးသူ
ကမ္ဘာတလွှား နာမည်ဆိုးများဖြင့်ကျော်ကြားနေသူ
မိစ ၦာဘီလူး အာဏာရူးသူ
မှူးကြီးဗာလ နအဖနဲ့
မိစ္ဆာလူမိုက် ဒိဋ္ဌိတသိုက်ကို
သာသနာတွင်းမှ ကြဉ်ပလိုက်ကြောင်း
ဗုဒ္ဓအနွယ်မှ ထုတ်ပယ်ပြီးကြောင်း
ဒါယကာ ဒါယိကာမအဖြစ်မှ စွန့်ပစ်လိုက်ကြောင်း
မြတ်သံဃာအပေါင်းတို့၏
ထပ်လောင်းသစ္စာ အခိုင်အမာပြု သည်
ပံသုဤုကမ္ဘာ သက်သေအရာ၌ တည်စေသောဝ်။
ပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင် အောင်စေသောဝ်။
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်ယံသို့ လျှံစေသောဝ်
ဦးလင်း(ကပ္ပိယကြီး)
26.9.2011
Subscribe to:
Posts (Atom)