ကမ္မဋ္ဌာန်းရှုစရာ အသုဘ ဘယ်နှစ်မျိုးရှိသလဲ

Friday, October 7, 2011

အသက်ကုန်ဆုံးသွားခဲ့ပြီဖြစ်သော အသုဘရုပ်အလောင်းကို ၀ိပသနာတရားရှုမည်(သို့မပာုတ်) အသုဘကမ္မဋ္ဌာန်း ရှုမည်ဆိုပါက အသုဘ(၁၀) မျိုးကို ရှုရှင်းပွားများလေ့ရှိကြပါသည်။
အသုဘ(၁၀) မျိုးဆိုသည်ကား….
၁။ ဥဒ္ဒုမာတက အသုဘ
လေပြည့်နေသောအိတ်ကဲ့သို့ ဖူးဖူးရောင်နေသည့်ရုပ်အလောင်းကောင်
၂။ ၀ိနီလက အသုဘ
အသားအရေ ညိုပုပ်နေသော ရုပ်အလောင်းကောင်
၃။ ၀ိပုဗ္ဘက အသုဘ
ပြည်များယိုစီးကျနေသော စက်ဆုတ်ဖွယ်ရုပ်အလောင်းကောင်
၎ ။ ၀ိစ္ဆိဒ္ဒက အသုဘ
ထက်ပိုင်းပြတ်နေသော ရုပ်အလောင်းကောင်
၅ ။ ၀ိက္ခာယိတက အသုဘ
ခွေး ၊တောခွေးများ ကိုက်ခဲ စားသောက်ထားသော ရုပ်အလောင်းကောင်
၆ ။ ၀ိက္ခိတ္တက အသုဘ
ကိုယ်အစိတ်အပိုင်းများ အပိုင်းပိုင်း ပြတ်တောက်နေသော ရုပ်အလောင်းကောင်
၇ ။ ပာတ၀ိက္ခိတ္တက အသုဘ
ကျီးခြေသဏ္ဌာန် လက်နက်များဖြင့် ထိုးသတ်ထား သဖြင့် မရှုမလှဖြစ်နေသောရုပ်အလောင်းကောင်
၈။ လောပိာတက အသုဘ
ဒွါရပေါက်များမှ သွေးများ ယိုစီးကျနေသော ရုပ်အလောင်းကောင်
၉။ ပုဠုဝက အသုဘ
ပိုးလောက်များ တဖွားဖွားတတ်နေသော ရုပ်အလောင်းကောင်
၁၀။ အဋ္ဌိက အသုဘ
အရိုးစုသာရှိသော ရုပ်အလောင်းကောင်
စသည်တို့ဖြစ်ကြသည်။ ရှေးပဝေသဏီက ရပာန်းသံဃာများနှင့် တရားရှာမှီး ယောဂီ
သူတော်စင်ကြီးများသည် လူသေကောင်များ စွန့်ပစ်ရာ သုဿာန်သို့သွားရောက်ကာ အသုဘ
ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလေ့ရှိကြသည် ။ ထိုစဉ်က လူသေကောင်များကို ရှုမှတ်နိုင်ကြစေရန် ထိုအတိုင်းပင် စွန့်ပစ်တတ်ကြကြောင်း ကျမ်းဂန်စာပေးများ၌ ရှိခဲ့ပေသည်….။


မှတ်ချက်။ ။ http://friendsmyanmar.com/profiles/blog/show?id=4557204%3ABlogPost%3A1121613&xgs=1&xg_source=msg_share_post မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment