အမနုဿဘေး

Sunday, September 25, 2011

ရွှေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့် ဂုဏ်ပြုကဗျာ
အမနုဿဘေး

အို သူတော်စင်
အရှင်သူမြတ်အပေါင်းတို့၏ မေတ္တာရေစဉ်သည်
အရှင်တို့၏ ဦးခေါင်းတော်မှသွေးတို့ဖြင့် နီစွေးစေခဲ့ပါပြီ။
အို သူတော်စင်
မြတ်သခင်ဗုဒ္ဓ၏နှလုံးသားတို့ သည်
ကြိုးနဲ့တုပ် ဒုတ်နဲ့ရိုက် ထောင်ထဲသွင်း ညှင်းဆဲ သတ်ဖြတ်
အလောင်းတွေကိုချောင်းထဲမျှော
ကျောင်းတွေပေါ်တက် လုယက်ဖျက်ဆီး
အမနုဿတို့၏လောင်မီးတိုက်မှာ
အစုလိုက်အပြုံလိုက် လောင်မြိုက်နေကြရပါပြီ။
အို သူတော်စင်အပေါင်းတို့
အနှိုင်းမဲ့ကျေးဇူးရှင်၏ စကား ဖယ်ရှားဝံ့သူ
သံဃာ့အကျိုးစီးပွါး ဖျက်ဆီးထားသူ
သံဃာအချင်းချင်းကြား သွေးခွဲထားသူ
သံဃာ့အကျိုးမဲ့စကား စွပ်စွဲထားသူ
သံဃာတို့အားရန်ငြိုးပွါးသူ
ကမ္ဘာတလွှား နာမည်ဆိုးများဖြင့်ကျော်ကြားနေသူ
မိစ ၦာဘီလူး အာဏာရူးသူ
မှူးကြီးဗာလ နအဖနဲ့
မိစ္ဆာလူမိုက် ဒိဋ္ဌိတသိုက်ကို
သာသနာတွင်းမှ ကြဉ်ပလိုက်ကြောင်း
ဗုဒ္ဓအနွယ်မှ ထုတ်ပယ်ပြီးကြောင်း
ဒါယကာ ဒါယိကာမအဖြစ်မှ စွန့်ပစ်လိုက်ကြောင်း
မြတ်သံဃာအပေါင်းတို့၏
ထပ်လောင်းသစ္စာ အခိုင်အမာပြု သည်
ပံသုဤုကမ္ဘာ သက်သေအရာ၌ တည်စေသောဝ်။
ပတ္တနိက္ကုဇ္ဇန သပိတ်ကံဆောင် အောင်စေသောဝ်။
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်ယံသို့ လျှံစေသောဝ်
ဦးလင်း(ကပ္ပိယကြီး)
26.9.2011

ရင်ထဲက ရွှေဝါရောင်

Thursday, September 22, 2011

ရင်ထဲက ရွှေဝါရောင်

ဆရာတော် အရှင်ဣဿရိယ၏ (၃၆) နှစ်ပြည့်မွေးနေ့တွင် ကျင်းပသော ကဗျာများ စုစည်းမှု

ကဗျာများ

အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစု (၃)

အဖြူရောင်လွင်ပြင် ၃

အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစုများ အမှတ် (၂)

အဖြူရာင်လွင်ပြင် ၂

အဖြူရောင်လွင်ပြင်မှ နှလုံးသားစာစုများ အမှတ်စဉ်(၁)

အဖြူရောင်