ရင်ဖွင့် စကားသံကို နားထောင်ပေးခြင်း

Wednesday, October 5, 2011


လူစည်ကားရာလမ်းဆုံရှိ လက်ဖက်ရည်ဆိုင်တွင် ချိန်းထား သော လူငယ် တစ်ဦးကို တွေ့ရန် ဦးခင် (အမည်လွှဲ ပြောင်း ထား) တစ်ယောက် ညနေ ငါးနာရီတွင် အလုပ် ကို လက်စသတ်ကာ အမြန်လာ ခဲ့သည်။

ထိုလူငယ်လေးသည်အပြင် တွင် မတွေ့ဖူးသော်လည်း ဖုန်းထဲ တွင် အတော်ရင်းနှီးနေပြီဖြစ်သည်။ သို့အတွက်
ထိုလူငယ်လေးက စတင်ချိန်းဆိုလာသော်ကြောင့် အပြင်တွင်တွေ့နိုင်ရန် စီစဉ်လိုက် ခြင်းဖြစ်သည်။ လက်ဖက်ရည်ဆိုင်ရဲ့ ထောင့်စားပွဲဝိုင်းတစ်ခုတွင် လူငယ်တစ်ဦးထိုင်နေသည်။ သူ့နှင့်ချိန်း ထားသော လူငယ်လားဟုအမည်
ခေါ်လိုက်ရာ ထိုလူငယ်က အသာခါင်းငြိမ့်ပြသည်။ “သား ဒီကိုလာတာအေးဆေး ပဲမလား” ဟု စကားသံဖြင့် စားပွဲဝိုင်း လေးကို ဦးခင်က စတင်ကာ အသက် သွင်းလိုက်သည်။

ထို့နောက် သူတို့၏ တစ်ဦးနှင့် တစ်ဦး ရင်းနှီး ခင်မင်စွာ စကားသံများ အဆက် မပြတ် ပြောဆိုဆွေးနွေးကြသည်။ နောက်ဆုံး တွင် နောက်တစ်ပတ် တွင် ဦးခင်တို့၏ အဖွဲ့အစည်းကို လာရောက်မည်ဖြစ်ကြောင်း ထို လူငယ်လေးက ကတိပေးသံဖြင့် စကားဝိုင်းလေးကို အဆုံးသတ်လိုက် နိုင်ကြောင်း ဦးခင်က နောက်ကြောင်း ပြန်လည်ပြောပြနေ သည်။ အသက်ငါးဆယ်ကျော်အရွယ်ရှိ ဦးခင်သည် HIV / AIDS ဆိုင်ရာ များတွင် ဦးဆောင်ပါဝင်လုပ် ကိုင်ပေးနေ သူတစ်ဦးဖြစ်ပြီး ရုံးပြင်ပချိန်များတွင်လည်း HIV / AIDS ကူးစက်ခံသူများကို နှစ်သိမ့်ဆွေး နွေးခြင်းကို တယ်လီ ဖုန်းဖြင့် အခမဲ့ ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ် သည်။ တယ်လီဖုန်းဖြင့်သာမက အပြင်တွင်ပင် ဆွေးနွေးတွေ့ဆုံပေး စေလိုပါက လိုက်လံတွေ့ဆုံဆွေးနွေး ပေးသည်။ သို့နှင့်သူတို့၏ ခံစားချက် များကို ရင်ဖွင့်ပြောပြလာသည်အထိ သူတို့ ပြောပြလိုသည်များကို ဂရုတစိုက် နားထောင်ပေးပြီး လိုအပ် သည့်အကြံဥာဏ်များ ပေးအပ်ရ ကြောင်း ဦးခင်က ပြောကြားသည်။

စိတ်ပျက်အားငယ်နေသော မောင် လူလေး ( နာမည် လွှဲပြောင်းထား ) က ယင်းကဲ့သို့ တယ်လီဖုန်းမှ တစ်ဆင့် ဦးခင်ထံ ဆက်သွယ်လာ ရင်း လအတန်ကြာ ပြောဆိုဆွေး နွေးမှုများ ပြုလုပ်ပြီးမှသာ ယင်းကဲ့ သို့ ဆေးကုသရန် လက်ခံရလာခြင်း ဖြစ်ကြောင်း ဦးခင်က ပြောကြား သည်။ သို့နှင့် ဦးခင်သည် နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းတွင် ပါဝင် လှုပ်ရှားနေရင်း နှစ်သိမ့်ဆွေးနွေး ပေးခြင်းသည် သူ၏ အဓိက အလုပ် တစ်ခုဖြစ်လာနေသည်ဟု ပြောပြ နေသည်။ မြန်မာနိုင်ငံတွင် HIV ကူးစက် ခံလူနာများအတွက် အဓိက အရေး ပါသည့် စိတ်ပိုင်းဆိုင်ရာကုထုံးဖြစ် သည့် နှစ်သိမ့်ဆွေးနွေးပညာပေး ခြင်းကို ဆောင်ရွက်ပေးနေကြ သည်။ HIV ပိုးကူးစက်ခံရသည်ဟု သိလိုက်ရသည်နှင့် စိတ်ဓာတ် အခြေအနေအများ ယိမ်းယိုင်သွား ပြီး အချို့မှာ မယုံကြည်မှုများဖြင့် စိတ်ဆိုး ဒေါသထွက်ကာ ထိခိုက် ဒဏ်ရာရအောင် လုပ်သူများ ရှိကြောင်း။ အချို့မှာ ကူးစက်ခံနေရ သည်ဟု သိသည်နှင့် စိတ်ဓာတ်ကျ ဆင်းကာ အားလုံးနှင့် အဆက်အ သွယ်ပြတ်သည် အထိနေ ကာ တစ်ဦး ထဲ ခွဲထွက်နေသည်ဟု ဖြစ်ပျက် တတ်သည့် သဘောတရားများကို HIV ရောဂါဆိုင်ရာများကို ကုသပေးနေသည့် ဆရာဝန်တစ်ဦး က ပြောပြနေသည်။

သို့နှင့်သူတို့၏ စိတ်ဓာတ် အခြေအနေများကို ပြန်လည် ကောင်းမွန် လာစေရန်အတွက် နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်းကို စနစ်တကျ လုပ်ဆောင်လာကြောင်း သိရသည်။ ဆေးဝါးကုသရေး ကုထုံးလမ်းကြောင်း ပေါ်သို့ရောက် လာစေရန်အတွက် သူတို့ကို စိတ်ဓာတ်အင်အား အားပေးမှုကိုအဓိကထား ပြုလုပ်ပေးနေ သည်ဟု social support ပိုင်းဆိုင်ရာ လုပ်နေသည့် လူငယ်တစ်ဦးက ပြောကြားသည်။ လုပ်အားများ အသုံးပြုနေသည့် လူငယ်တစ်ဦး အနေဖြင့် HIV ပိုးကူးစက်ခံရ သည်ဟု သိလိုက်သည်နှင့် သူ၏ လုပ်ငန်းများတွင် အသုံးမပြုနိုင် တော့သည်ဟု ထင်မြင်ပြီး လုပ်ငန်း ခွင်မှ ရပ်နားခြင်းနှင့် ကျောင်းတက် ရောက်နေ သည့် လူငယ်တစ်ဦးကို ပညာဆက်လက်သင်ကြားနိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေး သကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဖြည့်ဆည်းပေးရန်လည်း လိုအပ် ကြောင်း ၊ ထို့ကြောင့် စိတ်ဓာတ် ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးခြင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း HIV ပိုးကူးစက်ခံလူနာများကို ကိုယ်တိုင် နှစ်သိမ့်ဆွေးနွေးပေးနေ သူတစ်ဦးက ပြောကြားသည်။ နှစ်သိမ့်ဆွေးနွေးပေးခြင်းကို ပြုလုပ်ရာတွင် လူနာ၏ယုံကြည်မှုကို တည်ဆောက်ရယူမှုသည် အဓိက အချက်ပင်ဖြစ်ကြောင်း ပြောပြနေ သည်။

အဆိုပါလူနာက တိုက်ရိုက် ဆက်သွယ်လာသည်ဖြစ်စေ သို့ မဟုတ် မိသားစုက တစ်ဆင့် ဆက် သွယ်ပြီးမိသားစုကို ရှင်းပြပြောဆိုပြီး မှသာလူနာနှင့် တွေ့ဆုံဆွေးနွေးရ သည်လည်းရှိကြောင်း ဦးခင်က ပြောပြနေသည်။ “တချို့က မိဘကို ပြောပြ တယ်။ ကျန်တဲ့သူဘယ်သူ့ကိုမှ မပြောစေချင်ဘူးပေါ့။ ဘယ်သူမှ လည်း အတွေ့မခံတော့ဘူး။ အဲဒီမှာ မိဘက ဆက်သွယ်လာပြီး ဘယ်လို လုပ်သင့်တယ်ဆိုတာ အကြံÓဏ် တောင်းတယ်။ ပြီးမှ လူနာနဲ့တွေ့ ဆုံတယ်။ လူနာကတော့ ငြင်းတာ ပေါ့ ။ ဘယ်လိုမှ အတွေ့မခံဘူး။ ဒီလူက သူ့အကျိုးမရှိဘဲ ဘာမှလုပ် မှာ မဟုတ်ဘူးဆိုပြီး ပြောတာပေါ့။ ဒါပေမဲ့ နောက်ဆုံး အဆင်ပြေ သွားတာပါပဲ။ ကိုယ်က သူ့ကို တကယ်မိသားစုဝင်လို ဆက်ဆံပြောဆိုပေးမှုတွေကို ယုံကြည် လက်ခံလာတယ်”ဟု ဦးခင်က နှစ် သိမ့်ဆွေးနွေး ပညာပေးမှုအနေ အထားကို ရှင်းပြနေသည်။ Counselling ပြုလုပ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ၊ လူမှုရေးဆိုင်ရာ ပြသနာများလျော့နည်းသွားစေခြင်း၊ HIV ကူးစက်နှုန်း ကျဆင်းစေခြင်း နှင့် ဆေးကုသမှု ခံယူရာတွင် အဆင် ပြေ စေနိုင်ကြောင်း သိရသည်။ နှစ်သိမ့် ဆွေးနွေးမှုပြုလုပ်ခြင်းဖြင့် လူနာ၏ စိတ်ခံစားမှုပုံစံကို ပျောက် ကွယ် စေနိုင်မည်ဖြစ်ပါ သည်။ သို့ အတွက်ကြောင့် Counseller တစ်ဦး အနေဖြင့် အတတ်နိုင်ဆုံး နည်း လမ်းများဖြင့် ဂရုတစိုက်နားထောင် ပေးခြင်းသည် အဓိကဖြစ်သည်ဟု စိတ်ပညာဆိုင်ရာ Counselling သင်တန်းတက်ထားသူ မခင်မြတ်က ပြောပြသည်။ Counsellerတစ်ဦး အနေဖြင့် အချက်အလက်များကို လျှို့ဝှက်ထားရှိမှုသည် အဓိက အရေးကြီးဆုံးလည်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြား သည်။ သို့အတွက်ကြောင့် စိတ် ဓာတ်အားပိုင်းဆိုင်ရာအတွက် ဆေး ကုသရေးပိုင်းတွင် အများကြီးအ ထောက်အကူဖြစ်စေကြောင်းကို နှစ်သိမ့်ဆွေးနွေးပညာပေး လုပ် ကိုင်နေသူ တစ်ဦးက ပြောကြား သည်။ သို့နှင့် နှစ်သိမ့်ဆွေးနွေးခြင်း ဆိုင်ရာအတွက် ၁၉၉၂ ခုနှစ်မှ စတင်ကာ ကျန်းမာရေးဝန်ကြီး ဌာနမှ ခုခံအားကျဆင်းရောဂါနှင့် အတူ ကာလသားရောဂါတိုက် ဖျက်ရေး စီမံချက်အတွက် အေအိုင် ဒီအက်စ်ရောဂါ နှစ်သိမ့်ဆွေးနွေး ပညာပေးရေးအဖွဲ့ (ဗဟို ) (AIDS Counseling Team ) ကိုစတင်ဖွဲ့ စည်းလုပ်ဆောင်ခဲ့သည်။ အဆိုပါ အဖွဲ့မှ ဆရာဝန်များ ၊ သူနာပြု ဆရာမများ ၊ ကျန်းမာရေးဝန် ထမ်းများအပါအဝင် လူမှုရေးအဖွဲ့ အစည်းများမှ ဝန်ထမ်းများ ၊ နှစ်သိမ့်ဆွေးနွေးခြင်း ဘာသာရပ်ကို စိတ်ပါဝင်စားသူများကို သင်တန်း များပို့ချပေးလျက် ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်စေခြင်းဖြင့် စိတ်ဓာတ် ပိုင်းဆိုင်ရာအတွက် ကုထုံးတစ်ခု သဖွယ်စနစ်တကျ ကုသပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါသင်တန်းမှ သိရသည်။ သို့အတွက်ကြောင့် ယင်းသင်တန်းဆင်းသူများအနေဖြင့် ဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သုံးသပ်ကြ သည်။ ကူးစက်ခံရသည့်ဇာတ်ကြောင်း ကို သိရန်ထက် စိတ်ဓာတ်ပိုင်းဆိုင် ရာများကို အားပေးပြီး ဆေးကုသ ရေး လမ်းကြောင်းပေါ်သို့ ရောက် ရှိနိုင်ရန် ကြိုးပမ်းရကြောင်း၊ မည် သည့်နည်းဖြင့် ကူးစက် ခံရသည် ဖြစ်စေ အဓိကမှာ ကူးစက် ခံထား ရသူကို စနစ်တကျ ဆေးကုသမှု ပေးနိုင်ရေးသာ ဖြစ်ကြောင်း၊ မြန်မာ့ ယဉ်ကျေးမှုအရ HIV ကူးစက်ခံ ထားရသည်ဆိုလျှင် လိင်ပိုင်း ဆိုင် ရာမှ တစ်ဆင့်ကူး စက်ခံရခြင်းဟု ထင်မြင်ချက်များကိုလည်း ဖျောက် ဖျက်ရန်လိုအပ်ကြောင်း၊ မိသားစု များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အား ပေးမှုသည်လည်း လိုအပ် နေသေး ကြောင်း ကျန်းမာရေးပညာရှင်များ က ပြောကြားသည်။

“မိသားစုက ကူးစက်ခံထားရ တာကိုသိပြီဆိုတာနဲ့ ပြစ်ပယ်ထားတာရှိတယ်။ အဲဒီအခါမှာ လူနာမှ သူ့စိတ်ကရောဂါကူး စက်တာကြောင့် စိတ်ထိခိုက်တာ ထက် မိသားစုက ဝိုင်းပယ်တာကိုခံရတာကို စိတ်ခံစားရတယ်။ အဲဒီမှာ ချက်ချင်းကိုစိတ်ဓာတ် ကျသွားပြီ နာလန်မထူနိုင်ဘူး ဖြစ်သွားတာလည်းရှိတယ်။ မိသားစုလူမှုအသိုင်း အဝိုင်းက HIV ဆိုင်ရာတွေမှာ သိထားသင့်တာတွေကို ပညာပေးသင့်တယ်” ဟု ကျန်းမာရေးပညာ ရှင်တစ်ဦးက သုံးသပ်ပြောကြားထားသည်။ ယင်းသို့ဆွေးနွေးမှုများတွင် ဆေးရုံ ၊ ဆေးပေးခန်းများတွင်ဆရာ ဝန်က ဆွေးနွေးပြောဆိုပေးမှုများ ၊ လူမှုရေးလုပ်ငန်းကို စိတ်ဝင်စား သူများအနေဖြင့်လည်း ဆောင်ရွက်ကြသကဲ့သို့ HIV ပိုးကူးစက်ခံ ထားရသူများ ကိုပါ နှစ်သိမ့်ဆွေးနွေးပညာ
ပေးခြင်းကိုပါ ဆောင်ရွက်စေကြောင်း ၊ Peer Education ဖြစ်သည့် ကူးစက်ခံထားရသူ အချင်းချင်းနှစ်သိမ့်ဆွေးနွေး မှုများသည် ပိုမိုထိရောက်စေနိုင်ကြောင်းလည်း HIV ပိုးကူးစက် ခံထားရသော်လည်း လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင် လှုပ်ရှားနေသူ တစ်ဦးက ပြောကြားသည်။

လူနာကို ရင်းနှီးစွာအားပေးရာတွင် Counseller ကိုယ်တိုင်ကပင်ကူးစက်ခံလူနာဟုဟုဖွင့်ဟ ပြောဆိုပြီး ဆွေးနွေးတိုင်ပင်ခြင်း သည် စိတ်ကုထုံးတစ်ခုကို အောင်မြင်စွာ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သို့အတွက်ကြောင့် peer Counselling စနစ်ကို ဆောင်ရွက် နေကြောင်း ၊ စိတ်ပိုင်းဆိုင်ရာ အ ထောက်အကူဖြစ်စေမည့် ရောဂါ ရှင်များအား စုဝေးကာ ပျော်ပွဲရွှင် ပွဲများ ဆောင်ရွက်ပေးခြင်းကို ဦးဆောင်ဆောင်ရွက်ပေးပြီး ဆေးကူညီမှုကို ဒုတိယနည်းလမ်းစဉ်ဖြင့် ဆောင်ရွက်ပေးကြောင်း အစိုး ရမဟုတ်သော နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းတစ်ခုတွင်သင်တန်းနည်းပြတစ်ဦးက လုပ်ငန်းအခြေနှင့် နှိုင်းယှဉ်ကာ ရှင်းပြသည်။

အဖွဲ့အစည်း အတော်များများသည် ဆေးရရှိရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုကို ဆောင်ရွက်ပေးသော်လည်း ယနေ့ထိတိုင် နှစ်သိမ့် ဆွေး နွေးရေးအပိုင်းကိုလည်း အရှိန်မြင့် လုပ်ကိုင်ရန်လည်း လိုအပ်ကြောင်း စိတ်ပညာလေ့လာထားသူ တစ်ဦး က သုံးသပ် ပြောကြားသည်။ လူနာ၏ စိတ်ထဲတွင် ခံစား နေရသော စိတ်မကျေနပ်ချက်များ ကိုတလွဲ အသုံးပြုကာ ကူးစက်ခံရ စေရန်ဆောင်ရွက်ခြင်းမှ တားမြစ် ရန်လည်း လိုအပ်ကြောင်းစိတ်ပညာ ရှင်တစ်ဦးကပြောကြားသည်။ HIV ကူးစက်ခံအမျိုးသမီး တစ်ဦးသည် HIV ပိုးရှိလျက်နှင့်ပင် အကာအကွယ်ဖြစ်စေမည့် နည်း များကိုအသုံးမပြုဘဲ မိမိကူးစက် ခံရသကဲ့သို့ အခြားသူများလည်း ကူးစက်ခံရစေချင်သည့် စိတ်များ ဖြစ်ပေါ်ခဲ့ကြောင်း ၊ သို့အတွက် ကြောင့် စိတ်ကုပညာရှင်များဖြင့် အဆိုပါအမျိုးသမီးငယ်ကို နှစ်သိမ့် ဆွေးနွေးပညာပေးခြင်း ပြုလုပ် ပေးပြီးမှသာ ၄င်း၏ လွဲမှားနေသော ခံယူချက်များကို ပြုပြင်လိုက်နိုင် ကြောင်း စိတ်ပညာရှင်တစ်ဦးက ဖြစ်ရပ်မှန်တစ်ခုကို အခြေတည်ကာ ရှင်းပြသည်။ ရောဂါကုထုံးအဖြစ် ဆေးရရှိ ရန် လမ်းကြောင်းများ ၊ နေထိုင်မှုပုံစံ၊ လူမှုရေးလုပ်ငန်းများတွင်ပါဝင် လာနိုင်မှုများအပါအဝင် မိသားစု များအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေ သည်ဆိုသည့် အမြင်များကို ပယ် ဖျောက်နိုင်ပြီး ကျန်းမာရေးအရ ဆေးကုသမှုနှင့် စနစ်တကျနေထိုင် မှုပုံစံများဖြင့် ကျန်ရှိနေသေးသည့် ဘဝသက်တမ်းကို ဖြတ်သန်းနိုင် မည်သာဖြစ်ကြောငှ်းုံဠ ကူးစက်ခံ ထားရသူတစ်ဦးက သုံးသပ်ပြော ကြားသည်။ သို့အတွက်ကြောင့် HIV/ AIDS ဆိုင်ရာအတွက် မရှိမဖြစ် အရေးပါသော နှစ်သိမ့်ဆွေးနွေး ခြင်းကိုသိရှိလာစေရန်ပိုမိုတိုးမြှင့် အ ရှိန်ယူကာ သင်တန်းများပို့ ချခြင်းနှင့် လူထုထဲတွင် ပိုမိုသိရှိလာအောင် ဆောင်ရွက်သင့်ကြောင်းနှင့် လူနာ များမှာကျန်ရှိနေသေးသောလူ့သက် တမ်းတွင် ပျော်ရွှင်စွာဖြတ်သန်းနိုင် ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း ဦးခင်အပါအဝင် HIV/ AIDS ဆိုင်ရာများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများက သုံးသပ်ပြောကြားသည်။

စန်းမော်အောင်

မှတ်ချက် ။ ။http://www.yoyarlay.com/opinions/ts-news/articles/14411-2011-10-05-07-34-31

0 comments:

Post a Comment