ငံ့လင့်လျှက် ပန်းပျိုးလက်

Saturday, November 26, 2011


လောကတခွင်အလှဆင်ဖို့
သင်းပျံ့ကြူမွှေးလေနုအေးနဲ့အတူ
လောကလူသားအတွက်ပေးစွမ်းနိုင်ဖို့
မေတ္တာ၊ကရုဏာ၊မုဒိတာထား
အလှပန်းလေးများရှင်သန် ဖူးပွင့်နိုင်ဖို့
ပြုစုယုယ လှသထက်လှဖို့
ပန်းပျိုးလက်များ တစ်နေ့တခြား
လိုအပ်လာပြီ . . .။
ပန်းကလေးတွေရဲ့အလှ
လောကအလယ်ဝံ့ကြွားဖွယ်အတွက်
ပန်းပျိုးမယ့်လက် ရှိပါရဲ့
ပြုစုပေးမယ့်လက် ရှိပါရဲ့
သို့သော်
ယုယမှုကင်း
မသန့်ရှင်း မကြည်လင်ပဲ
ညှီစို့စို့နဲ့။
ကိုသက်(အညာမြေ)

0 comments:

Post a Comment