Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

စကားပြောခြင်း

Tuesday, February 28, 2012

စကားပြောခြင်း
မောင်ခိုင်လတ်
လူတစ်ယောက်မှာ နားနှစ်ဖက်နှင့် ပါးစပ်တစ်ပေါက်သာ ပါရှိသောကြောင့် ကျွန်ုပ်တို့သည် များများနားထောင်ကာ နည်းနည်းလေးပဲပြောသင့်သည်တဲ့။ ဒါက ဂရိအတွေးအခေါ်ရှင်ကြီး ဒိုင်အို ဂျီးနီးစ် ပြောကြားခဲ့တာ ဖြစ်သည်။ သူကတော့ သူ့စကားအတိုင်းပင် ဘဝတလျှောက်လုံး များများနားထောင်သင်ယူပြီး စကားလုံးတွေကိုတော့ အလွန်စီစစ်ချွေတာခဲ့သူဖြစ်သည်။ 

ရိုးသားစွာကြိုစားခြင်းဖြင့် ဘဝအောင်မြင်မှုပန်းတိုင်ဆီသို့

Saturday, February 4, 2012


မပုကွယ်နှင့်ခရုငယ်ဆိုတာ မြန်မာပြည်သားတိုင်းနားရည်ဝနေတဲ့ ပုံပြင်တစ်ပုဒ်ပါ။ ဆရာဆရာမတွေရဲ့ ပါးစပ်ဖျားမှာ တစ်တွတ်တွတ် ရွတ်ဆိုပြနေတဲ့ပုံပြင်ပါ။ ကျတိုင်းကျတိုင်းပြန်တက်ပြီး နောက်ဆုံးတိုင်ထိပ်ပေါ်ကိုရောက်ရှိသွားတဲ့ ခရုငယ်ကို အတုယူပြီး အတန်းထဲမှာအညံ့ဆုံးဖြစ်တဲ့မပုကြွယ်ဟာ မရဘူးလို့ဆုံးဖြတ်ထားတဲ့စာကို အခေါက်ခေါက်ပြန်ပြီးကျက်လိုက်တာ အတန်းထဲမှာ အတော်ဆုံးလူဖြစ်သွားတယ်ခင်ဗျ။

ဗဟုသုတများပါစေ

Thursday, February 2, 2012

ဗဟုသုတများပါစေ
လူ့ဘဝသည် တိုတောင်း၏။ သိစရာမှတ်စရာတတ်စရာတွေလွန်စွာများရာ ကိုယ်တိုင်တစ်ဦးတစ်ယောက် တည်း၏အတွေ့အကြုံအမြင်များအကြားမျှနှင့်မလုံလောက်။အတွေ့အကြုံများသူတွေ ရေးသော ခေတ်သစ်စာများ ကိုလည်း ဖတ်ရလေသည်။ စာမတတ်သောသူ၏ စိတ်သည် အမှန်တိုးတက်မည်မဟုတ်ပေ။ မိမိကိုယ်ကို အလိုအလျောက် တက်သည်၊ သိသည်ဟု ထင်မှတ်၍ နေသူတွေ လည်း များစွာရှိလေသည်။ အလုပ်ဟူသမျှ၌ အကြံဉာဏ်လို၏။ အသိမများလျှင် မှန်သောဆုံးဖြတ်ချက်ကိုမချမှတ်နိုင်၊ ဆုံးဖြတ်ချက်မှားတတ်လေသည်။ သို့ဖြစ်လေရာ ယခုလတ်တလော ဖြစ်ပျက်၍ နေသော အကြောင်းအရာများကို သတင်းစာ၊ မဂ္ဂဇင်း၊ ကျမ်းစာအုပ်များကို ဖတ်မှသာ မှန်ကန်သောဆုံးဖြတ်ချက်ကို ချနိုင်လေသည်။ 

သန်းကြွယ်သူဌေးတို့၏ ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်

Saturday, November 26, 2011

သန်းကြွယ်သူဌေးတို့၏ ဘ၀အောင်မြင်ရေးလျှို့ဝှက်ချက်

သန်းကြွယ်သူဌေးဆို၍ ဘယ်လို လူစားမျိုးပါလိမ့်ဟူ၍ တအံ့တဩမတွေး ထင်လိုက်ကြပါနှင့်။ သန်းကြွယ်သူဌေးများ သည်လည်း ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သာမန်လူထဲက လူများသာဖြစ်ကြပါ၏။ သို့သော် သူတို့သည် လူတိုင်းလိုသာမန် လူစားမျိုးဖြစ်ကြပါလျှင် သူတို့တစ်တွေ ကျတော့ ဘာ့ကြောင့် သန်းကြွယ်သူဌေး ဖြစ်ကြပါသနည်း။ လူများစုကြီးကတော့ ဘာ့ကြောင့် လူလတ်တန်းစားဘဝမှ မတက်ကြ ပါသနည်းဆိုသည့် အချက်ကမူ လွန်စွာစိတ်ဝင်စားဖွယ်ရာကောင်းလှ ပါသည်။ သာမန်လူစားများ ပိုင်ဆိုင်သော အရည်အချင်းများဖြင့်ပင် သူတို့ဘယ်ပုံ ဘယ်နည်းပစ္စည်းဥစ္စာချမ်းသာကြွယ်ဝလာအောင် မည်သို့ကြိုးစားလုပ်ဆောင်ခဲ့ကြသည်ကိုလေ့လာသူနှစ်ဦးကဆန်းစစ်ရှာဖွေခဲ့ကြပါ၏။ 

Wednesday, October 19, 2011


အရချောင်လို့ အချောင်ရချင်တာ
လူထုစိန်ဝင်း

“အများ မိုးခါးရေသောက်နေချိန်မှာ ကိုယ်တစ်ယောက်တည်း မသောက်ဘဲနေလို့မဖြစ်တော့ သောက်လိုက်ရတာပေါ့” ဒီစကားမျိုး မကြာမကြာ ကြားဖူးလိမ့်မယ်။ ကိုယ်လည်း တစ်ခါတစ်ရံ ပြောဖူးလိမ့်မယ်။
                ရှောင်ရှားစေချင်
                ဒီစကားကို လုံးဝမပြောဖြစ်အောင်သတိထား ရှောင်ရှားစေချင်တယ်။ သေသေချာချာစဉ်းစားကြည့်ရင် အဓိပ္ပါယ်က မကောင်းပါဘူး။ ကိုယ်အသုံးမကျတာကို လူသိရှင်ကြား ထုတ်ဖော်ကြေညာသလိုဖြစ်နေတယ်။ ‘အူမတောင့်မှ သီလစောင့်နိုင်တယ်’ဆိုတဲ့စကားလို ကိုယ်အကျင့်ပျက်တာကို အကာအကွယ်ယူဖို့ ဆင်ခြေတက်တဲ့ သဘောမျိုးနဲ့ ဘာမှမထူးဘူး။ အူမ,မတောင့်တိုင်း သီလချိုးဖောက်ရမယ်ဆိုရင် ဆင်းရဲသူ ဆင်းရဲသားမှန်သမျှ ဒုစရိုက်သားတွေချည်းဖြစ်ကုန်ကြမှာပေါ့။ ဆင်းရဲတာနဲ့ သီလမစောင့်တာ ဘာမှမဆိုင်ဘူး။ တခြားစီပဲ။

                လက်ကြောတင်းအောင် မလုပ်ချင်လို့
                သူခိုးတွေ ဓားပြတွေကို သေသေချာချာလေ့လာကြည့်ရင် ဆင်းရဲလွန်းလို့ ခိုးစား တိုက်စားတဲ့သူက အနည်းစုပဲ။ အများစုက ရပ်ထဲ ရွာထဲမှာ အသင့်အတင့်စားနိုင်သောက်နိုင်ရှိပြီး၊ အရက်ကလေးသောက်လိုက်၊ ဖဲလေးရိုက်လိုက်နဲ့ ဘာတစ်ခုမှ လက်ကြောတင်း အောင် မလုပ်ချင်သူတွေသာဖြစ်တယ်။ ဖဲရိုက်ဖို့၊ အရက်သောက်ဖို့ မရှိလို့ခိုးရာ တိုက်ရာက အရချောင်မှန်းသိပြီး ခိုးစား တိုက်စားတဲ့ဘ၀ ရောက်သွားကြတာ။ ဆင်းရဲလို့ ခိုးတာမဟုတ်ဘူး။ ဆင်းရဲသားတွေမှာ ကိုယ်ချင်းစာစိတ် ကြီးမားကြတယ်။ ကိုယ်တိုင်က ဆင်းရဲမွဲတေ လွန်းတော့ ပိုက်ဆံတန်ဖိုး ကောင်းကောင်း သိတယ်။ ရှာရတဲ့ပိုက်ဆံလေးကို မသုံးရက်၊မစွဲရက်နဲ့ သိပ်နှမြောတယ်။ သားတွေ သမီးတွေ အတွက်ကလွဲရင် ကိုယ့်ဝမ်းကိုယ်တောင် ‘မသထာ’ (မသဒ္ဓါ)လောက်အောင်ကို နှမြောတယ်။

ကုလ္လူပမ

Thursday, October 13, 2011

ကုလ္လူပမ